Monday, 26 November 2007

Navman S80 - Posted: Mon Nov 19, 2007 (copied from NativeMyanmar)


ဟိုတလောက ၀ယ်ဖြစ်လိုက်တဲ့ နေဗီဂေတာ အကြောင်း ရေးချင်ပါတယ်။

တကယ်တော့ နေဗီဂေတာ ဆိုတာ လိုအပ်တယ် မလိုအပ်ဘူး အငြင်းပွားနေတာ ကြာပါပြီ။ တနေရာသွားရင် မြေပုံလေးကောက်လှန်လိုက်တာကလည်း မြန်တယ်လို့ ထင်နေတုန်းပဲ။ ဒါပေမယ့် မြေပုံက အလှမ်းမမီတဲ့အခါ မြေပုံအဆက်ကိုရောက်တဲ့အခါ အဆင်မပြေတာတွေ ရှိတာပေါ့လေ။ (ကျန်မကလည်း ကားမောင်းနေတုန်း စာဖတ်ရင် မူးတတ်သေးတယ်။) ပြီးတော့ သူများဝယ်ဖူးပြီးသားတွေ ပြောလိုက်ရင်လည်း မကောင်းတဲ့ အကြောင်းတွေက ကြားဖူးနေတော့လေ...။ ပထမတော့ နော်ကီယာ ဖုန်းမှာ တခါတည်းပါတာကို ၀ယ်မယ်စိတ်ကူးပေမယ့် နေဗီဂေတာ လုပ်မယ်ဆိုရင် ဘက်ထရီက သိပ်မခံဘူးလို့ ပြောကြတာနဲ့။ မြို့ကလည်း ပြောင်းရမယ်ဆိုတော့ မကျမ်းကျင်တဲ့နယ်ဘက်ကျတော့ မြေပုံကြည့်ရမှာ ပျင်းတာရော... အကြွေးဝယ်လို့ရတာရော ... အဲ့ဒါတွေကြောင့် နက်ဗ်မန်း တစ်လုံးဝယ်ဖြစ်လိုက်ပါတယ်။ အက်စ် ၈၀ ပါ။ ကင်မရာပါတွဲပါနေတဲ့ အက်စ် ၉၀ ကိုတွေ့ပေမယ့် ဘယ်လိုအသုံးကျမယ်ဆိုတာ သိပ်တွေးလို့မရတာနဲ့ ပိုက်ဆံချေတာပြိး မော်ဒယ်နိမ့်တာပဲ ယူခဲ့ပါတယ်။

သုံးရတာ အဆင်ပြေလားဆိုတော့ ... မကောင်းတဲ့အချက်က စပြောရရင် ... နံပါတ်တစ်အရေးအကြီးဆုံးကတော့ ကားပေါ်ထဲမှာ ထားခဲ့ရင် စိတ်မချရဘူးဆိုလို့ ဖြုတ်လိုက်တပ်လိုက်လုပ်နေရတာပါပဲ။ ပြီးတော့ သွားနေကျလမ်းတွေမှာ သူနဲ့ကိုယ်နဲ့ ၀ိဝါဒတွေ ကွဲပြားနေတာ...။ ကိုယ်တွေကလည်း ဆိုးပါတယ်။ သူက တိုးလ် ပေးရတဲ့ လမ်းနဲ့ မပေးရတဲ့လမ်း ရွေးလို့ရပေမယ့် ကိုယ်တွေက တိုးလ်ပေးတဲ့လမ်းကို ၂ လမ်းရှိရင် တစ်လမ်းပဲသွားတာ... ပိုက်ဆံကို ကပ်သီးကပ်သပ် ချေတာမျိုးကျတော့ စက်ကလည်းတော်တော် ဦးနှောက်ခြောက်တယ် ထင်ပါတယ်။ သူက ညာဘက်ကပ်ဆို ကိုယ်က ဘယ်ဘက်ကို ကွေ့လိုက်ရော... သူ့ခမျာ အစကနေ ပြန်ရှာရတာပေါ့လေ။ ရှာတာက မြန်တော့ မြန်ပါတယ်... ဒါပေမယ့် မြို့ထဲလို လမ်းတိုလေးတွေကျရင် သူက ပြန်ရှာနေတုန်း ကိုယ်က လျောက်ကွေ့ပြီးတော့ လမ်းကို မတွေ့နိုင်တော့ဘူး ဖြစ်ရော...။ နောက်ပြီး လှိုဏ်ခေါင်းတွေထဲမှာ သူက မမိတော့ အိတ်ဇစ်ကို စာနဲ့ပဲ ပြပါတယ်။ အဲ့ဒါကတော့ သိပ်အဆင်မပြေဘူး... ကျော်သွားရင် ပြသနာတက်မှာ...။

ဒါပေမယ့် အိုဗာအောလ် ပြောရရင်တော့ တော်တော် အဆင်ပြေပါတယ်... မရောက်ဖူးတဲ့ ရပ်ကွက်တွေဆိုရင် သွားမယ့်နေရာကို ကွက်တိ ပြနိုင်တာတော့ လူတော်တော်သက်သာပါတယ်။ (အရင်ကဆို အိမ်နံပါတ်တွေ ပြူးပြဲပြီးဖတ်ရတာလေ)

နောက်တစ်ခုကတော့ လမ်းနာမည်တွေ၊ ရပ်ကွက်နာမည်တွေကို အသံထွက်ပြတာလေးတစ်ခုကလည်း တော်တော် ကြိုက်ပါတယ်။ တချို့ဆို ကိုယ်ကမသိဘဲ စာလုံးပေါင်းဖတ်ပြီး စွတ်ခေါ်နေတာ... သူဖတ်ပြတော့မှ အသံထွက်က တလွဲ...။

...


Powered by ScribeFire.

No comments: