ခြိမ့်ခြိမ့်သဲသဲ ခြိမ့်ခြိမ့်သဲသဲ သူငယ်ချင်းတို့မင်္ဂလာပွဲ
"we are from different culture but we can communicate through love" သူငယ်ချင်း Asako က အဲ့လိုပြောလိုက်တော့ လက်ခုပ်သံတွေက Queen Victoria Building က The Tea Room ထဲမှာ လျှံလို့သွားပါတယ်။ ကျွန်မဘေးမှာထိုင်နေတဲ့ သူငယ်ချင်း ၂ ယောက်က ငိုကြပါတယ်။ တကယ်ပါပဲ... မနေ့ညက သူငယ်ချင်းတို့ မင်္ဂလာပွဲကတော့ အောင်မြင်စွာနဲ့ပဲ ပြီးသွားပါပြီ။ သတို့သမီး အာဆကို ရဲ့ တမီလ် ဘာသာ အင်္ဂလိပ်ဘာသာ နဲ့ နောက်ဆုံး ဂျပန်လို မိဘတွေကို ကျေးဇူးတင်စကားပြောတော့ သတို့သား Partha က လည်း မျက်ရည်ကျပါတယ်။
သြစတြေးလျဖွား အိန္ဒိယတမီလ် အမျိုးသားနဲ့ ဂျပန်နိုင်ငံက ဂျပန်အမျိုးသမီးလေးတို့ရဲ့ မင်္ဂလာပွဲလေးပါပဲ။ သူတို့နှစ်ယောက် အခက်အခဲတွေကြားက အခုလို မိဘတွေ သဘောတူညီမှုရပြီး လက်ထပ်ဖြစ်သွားတာ ၀မ်းသာစရာပါပဲ။ အချစ်မှာ မျက်စိမရှိဘူးဆိုတာ မှန်နေပြန်ရောနော်...။ သူငယ်ချင်းတို့ ပျော်ရွှင်စွာပေါင်းဖက်ကြပါစေသတည်း ဆုတောင်းရင်း ...
No comments:
Post a Comment