Friday, 7 September 2007

ရေကြည်ရာ မြက်နုရာ

Job offer ဆိုတဲ့စကားလုံးလေးကတော့ မင်္ဂလာအရှိဆုံး စကားတွေထဲမှာ ပါတယ်လို့ ပြောချင်ပါတယ်။ ပုံပြင်လေးက ဒီလိုကွဲ့...

...............
မနေ့ကရဲ့ မနေ့က

ဘ၀မှာ မျှော်လင့်ချက်တွေ မှောင်အတိကျသွားခဲ့ပြီး ၀မ်းနည်းရတဲ့နေ့... ဘယ်လောက်ပဲ စိတ်ကို အားတင်းထားထား... ရင်ထဲက အစိုင်အခဲတွေ ငွေ့ရည်ဖွဲ့တဲ့နေ့... ဒါတင်မက .... အိပ်မက်ဆိုးတွေနဲ့ လန့်နိုးနေခဲ့ရတဲ့ ကျွန်မဘ၀ အချိန်ပိုင်းလေးတစ်ခု...

မနေ့က

အဲ့ဒီ အဆိုးဆုံးအမှောင်ထုရဲ့အလွန် ... ရောင်နီပျပျလေး လာတဲ့အချိန်... job offer ဆိုတဲ့ ဖုန်းကလေး ၀င်လာတဲ့အချိန်... အရိုးသားဆုံးပြောရရင်တော့ ငြင်းပစ်လိုက်ဖို့ အင်အားမရှိလို့ လက်ခံလိုက်ပါတယ်။

အားလုံးကတော့ မှန်ကန်တဲ့ ရွေးချယ်မှုလို့ အားပေးကြပါတယ်။ ရောက်ရာနေရာမှာ အကောင်းဆုံး အံဝင်ဂွင်ကျဖြစ်အောင် ကြိုးစားရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာပြည် တောင်နဲ့မြောက် ၃ ပြန်စာ လောက်ရှိတဲ့ နေရာကို မိသားစုတစ်စု ရွှေ့ဖို့ပြောင်းဖို့ နေထိုင်ဖို့ လုပ်ကိုင်စားသောက်ဖို့ ...

နိုင်ငံတူပေမယ့် အုပ်ချုပ်ပုံစနစ်မတူတဲ့ ပြည်နယ် ၂ ခု... လူဦးရေ အဆမတန်ကွာခြားတဲ့ မြို့ ၂ မြို့... ရာသီဥတု သဘာဝပေါက်ပင်နဲ့ မြေဆီလွှာ.... အရာရာကိုတွေးပြီး ကျွန်မဟာ ထိတ်လန့်နေတုန်းပါပဲ...။

ရေကြည်ရာ မြက်နုရာ... ဘ၀အတွက် သင့်လျော်ရာနေရာမှာ ဆက်လက်ရှင်သန်ဖို့ ... အားအင်တွေ မွေးရဦးမှာပါလား....။ ဘေးနားမှာ အမြဲရှိနေမယ့် ချစ်တဲ့ကို ကတော့ ရှေ့ဆက်လျှောက်ရမယ့် လမ်းတွေကို ရင်ဆိုင်ဖို့ လက်တွဲဖော်ပေါ့....

မိုးသားများကိုလည်း တို့ပျံသန်းလို့သွားနိုင်သားပဲ
ပင်လယ်ပြင်တွေကို အတူတူ ကူးဖြတ်သွားဖို့ ဇွဲနဲ့
ဆုံးဖြတ်ချက်ကိုရဲရဲ အသည်းထဲတွေးထင်ထား
မင်းရဲ့လက်တွေနဲ့ ကိုယ့်ကို မြဲမြဲတိုးဖက်ထား
ကိုယ်စီ ရင်ခုန်သံတွေ မရပ်တန့်မချင်း တလမ်းထဲသွားမယ့် ချစ်သူ
ခရီးသည်ကိုယ်နဲ့မင်း

(လက်တွေ့မှာတော့ သားလေးလည်း ပါသေးတယ်။)


တွေ့လိုက် ကွဲသွားလိုက် ကြုံလာသူတွေအများကြီး
နာကျင်တာတွေ ပျော်ရွှင်တာတွေ ခံနိုင်ရည်ကို စမ်းကြည့်
အကောင်းဆုံးဖြစ်အောင်လေ့ကျင့် အဆိုးဆုံးအတွက်ပြင်ဆင်
ရှေ့ဆက်ဖို့အင်အားအသင့် မင်းလေးရှိနေရင်
ကိုယ်စီရင်ခုန်သံတွေ မရပ်တန့် မချင်း
တလမ်းတည်းသွားမယ့် ချစ်သူ ခရီးသွား တို့နဲ့မင်းးးး။


...